Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျုံပျော်မြို့နယ်၊ ရေစခန်းတိုက်နယ်တွင် Mask စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေး
Aug 29,2020
လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက Mask စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလှုပ်ရှားမှုကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရေစခန်းတိုက်နယ်၌ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက် ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာတာဝန်ရှိ သူများ ပူးပေါင်း၍ ရေစခန်း၊ အိုင်ကြီး၊ သရက်သုံးပင်၊ ဇရပ်ကွင်း စသည့် ကျေးရွာများတွင် သွားလာလျက်ရှိ ကြသော ပြည်သူများအား Mask များ တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ပြီး၊ Mask များကို လည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့တွင် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း Mask တပ်ဆင်မှုရှိစေရေး အသိပညာ ပေး
Aug 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask)တပ်ဆင်မှုရှိစေရေး အသိပညာ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့၌ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Aug 29,2020
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်၌ ကျေးရွာအရောက် နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်း များ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း ကို ယနေ့ နံနက် ၉ နာရီအချိန်က လပွတ္တာမြို့ ဦးဟိုက်ပင့် တံတား (နယ်ဆုံသင်္ဘောဆိပ်)တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများထပ်မံပေးအပ်
Aug 29,2020
ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကိုဗစ် -၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလ အတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ရွှေတောင်မြို့နယ် သာသနာ့ဗိမာန်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၅၂)ဦးအား ဓါတ်ခွဲနမူနာများရယူ
Aug 29,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၅၂)ဉီးအား ချင်းရွှေဟော်မြို့၊ မြို့တော် ခန်းမ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်း၌ ခေတ္တထားရှိ၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုရှိ/မရှိ ဓါတ်ခွဲစစ်ဆေး နိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကုသရေးဉီးစီးဌာနက ၎င်းတို့၏ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အား ရယူခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် နမ့်လန်ကျေးရွာ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး
Aug 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)နေ့ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် တိုက်ဆိုင်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီက နမ့်လန်ကျေးရွာရှိ မဲရုံ(၉)သို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask) တင်ဆင်ရေး လှည့်လည်အသိပညာပေး
Aug 29,2020
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25352
Page
25353
Page
25354
Page
25355
Current page
25356
Page
25357
Page
25358
Page
25359
Page
25360
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department