Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နောင်မွန်မြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ပညာပေးဟောပြောပွဲကျင်းပ
Aug 29,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် MAM (Medical Action Myanmar) တို့ ပူးပေါင်း၍ ကျင်းပသောအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာလေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် မြေသားရ…
Aug 29,2020
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာလေးရွာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် သန်း ၆၀ ကျော်ဖြင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများနှင့် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းမှာ ၅၃ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကနီမြို့နယ် ဝင်မနား-တောင်ပြင်လမ်းပေါ်၌ ကုန်ကားတိမ်းမှောက်မှုဖြစ်ပွား
Aug 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ချင်းတွင်းမြစ်မြောက်ဘက်ခြမ်း ဝင်မနား- တောင်ပြင် လမ်းမပေါ်၌ ကျော်ဇင်လင်း(ခ)ငလင်း မောင်းနှင်လာသော ယာဉ်အမှတ် MDY 6B/7742 condor (ကုန်ကား)(၆) ဘီးအဖြူရောင် မော်တော်ကားသည် အရှိန်မထိန်းနိုင်ဘဲ ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က တိမ်းမှောက်ခဲ့ရာ ၎င်းယာဉ်ပေါ် ပါရှိလာသော ဦးခင်မောင်မြင့်၊ ဦးမြို့အောင်၊ ဒေါ်မှတ်ပိုတို့(၃)ဦးနှင့် ကလေးငယ်(၄)နှစ်သား ကျားတစ်ဦးတို့မှာ ဝင်မနားတိုက်နယ်ဆေးရုံတွင် သေဆုံးခဲ့ပါကြောင်းနှင့် ဒဏ်ရာရရှိသူ(၁၀)ဦးဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းတည်မြို့ တွင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 29,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ကျန်ရှိမှုမရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း ကြိုတင်ဆောင်ရွက်ကြရ မည့် ကိစ္စရပ်များနှင့် လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆိုမြို့နယ်တွင် တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်း ဆောင်ရွက်
Aug 29,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် တိရစ္ဆာန်များ ကူးစက် ရောဂါ မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဝါဘန်းပလို့ကျေးရွာအုပ်စု ပဆေးလာကျေးရွာ၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နော်ရီစေးဘာနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်မြို့၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် အပြင်ထွက်လျှင် နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထကောင်း ရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက High Class ကားဂိတ်ရှေ့၊ ထီးလင်း-ကျောက်ထုသွား ကားလမ်းဆုံ၊ မြန်မာ့စီးပွားရေးဘဏ်ရုံးရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ် ခေါဇာမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 29,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့တွင် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြား များအား ပြည်သူများထံ တစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီက ခေါဇာမြို့ မြို့လယ်ဘုရားဓမ္မာရုံတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်၌ ကျေးရွာအရောက် နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကိုယ်ပိုင်ကျေးလက်ဈေးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19)ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နေ့လည်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25356
Page
25357
Page
25358
Page
25359
Current page
25360
Page
25361
Page
25362
Page
25363
Page
25364
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department