ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask) တင်ဆင်ရေး လှည့်လည်အသိပညာပေး

ညောင်တုန်း ဩဂုတ်  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရေး လှည့်လည်အသိပညာပေးခြင်းတို့ကို ယမန်နေ့ နံနက် ၈ နာရီက ဆားမလောက်ကျေးရွာအုပ်စု အတွင်းရှိ လမ်းဘေးဝဲယာကျေးရွာများ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ (Mask) တပ်ဆင်ရေးအသိပညာပေး ကော်မတီအဖွဲ့နှင့် လူမှုရေး အသင်း အဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက် များအား လှုံ့ဆော်ကြေညာပေးခြင်း၊ ခရီးသွား ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား နှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့် တပ်ဆင် ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့တို့သည် မဲဇလီကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၊ ကဇန်းလမ်းဆုံ၊ တာကွေ့ ကျေးရွာ၊ ကြိမ်ပင်ဆယ် ကျေးရွာနှင့် ကျီးကန်းသိုက်ကျေးရွာတို့ရှိ ပြည်သူများအား ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များအား လှုံ့ဆော်ကြေညာပေးခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား နှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့် တပ်ဆင်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)