အမြို့မြို့အနယ်နယ်သတင်းများ

Aug 29,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နံနက်(၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
Aug 29,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ မဲတင်းတိမ်ကျေးရွာအုပ်စု၊ ဖြတ်လမ်းကူးကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုစပါး(RS to CS) မျိုးစေ့ထုတ် စိုက်ခင်း(၁၅) ဧကအား ပေါင်းရှင်းခြင်း၊ တမန်းနှိုးခြင်းနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်ခြင်း လုပ်ငန်းများကို ယမန် နေ့ နံနက်ပိုင်းက ဘောဂလိမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနေဝင်း ဝန်ထမ်းများနှင့် ကျေးရွာနေ တောင်သူများက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Aug 29,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် Mask ဖြန့်ဝေ ခြင်းကို ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ လူစည်ကားရာနေရာဖြစ်သော ကမ်းနားလမ်းနှင့် ဈေးလမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြို့မရပ်ကွက်ရှိ မြစ်သာမြစ်ရှောင်လမ်းနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာရုံးများသို့ ဆက်သွယ်သည့် ရုံးပေါင်းစုံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်အောင်ထံမှ သိရ သည်။
Aug 29,2020
တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးရာတွင် ကျန်ရှိမှုမရှိစေရေး၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး၍ ပြင်ဆင်ဖြည့်စွက်ပေးခြင်း လုပ်ငန်းများကို သြဂုတ်(၂၅)ရက်နေ့မှ စတင်၍ ယနေ့ထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါ်ဆွေသက်အောင် ထံမှသိရှိရသည်။
Aug 29,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အထူးဒေသရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
Aug 29,2020
ရန်ကုန်တောင်ပိုင်းခရိုင် ၊ခရမ်းမြို့နယ်အတွင်း Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပုဂံတောင် ကျေးရွာ၊ ရွာပတ်လမ်းအား ဂဝံ ရေနုတ်မြောင်း ဆောင်ရွက်ပြီးစီးမှုများကို ယမန်နေ့ နံနက် ၈ နာရီက ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Aug 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊‌ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျောက်မြောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သင်တန်းပို့ချဖွင့်လှစ် ကြောင်း သိရသည်။