ကျုံပျော် ဩဂုတ် ၂၉
လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက Mask စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလှုပ်ရှားမှုကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရေစခန်းတိုက်နယ်၌ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက် ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာတာဝန်ရှိသူများပူးပေါင်း၍ ရေစခန်း၊ အိုင်ကြီး၊ သရက်သုံးပင်၊ ဇရပ်ကွင်း စသည့် ကျေးရွာများတွင် သွားလာလျက်ရှိ ကြသော ပြည်သူများအား Mask များ တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ပြီး၊ Mask များကို လည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်မှုကို ကျုံပျော်မြို့နယ်အတွင်း၌ ဩဂုတ် ၂၇ ရက်မှ ၂၉ ရက်နေ့အထိ (၃) ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဩဂုတ် ၃၀ ရက်နေ့မှစ၍ Mask မတပ်ဆင်သူများတွေ့ရှိပါက Mask(၃)ခုကို ငွေ(၃၀၀၀) ကျပ် နှုန်း ပေးဆောင်စေပြီး တစ်ပါတည်းတပ်ဆင်စေခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နေဝင်းမြင့် (ပြန်/ဆက်)