အမြို့မြို့အနယ်နယ်သတင်းများ

Aug 29,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နမ့်ခင်နွဲ့(၁)ရပ်တွင် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
Aug 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အမျိုးသမီးကော်မတီအဖွဲ့မှ ခရိုင်အတွင်းရှိ အမျိုးသမီးများဘဝ ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လေ့ကျင့်သင်ကြားပေးနိုင်ရေး၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှု လျော့နည်းပပျောက်ရေးတို့အတွက် ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက အမျိုးသမီးကော်မတီအစည်းအဝေးကို ကသာ ခရိုင် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 29,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် အတွက် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် တတိယသုံးလပတ်နှင့် စတုတ္ထ သုံးလပတ်အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာများ တက်ရောက် ကြကြောင်း သိရသည်။
Aug 29,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေး ကြိုတင်၍ ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာ တွင် (Mask)နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ကာ သွားလာ စေရေး အသိပညာပေးခြင်းနှင့် Mask နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြသည်။
Aug 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးစိုက်ပျိုးရာ သီအတွင်း ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုအပေါ် ကုစားမှု အစီအစဉ် CERPအရ ကျေးရွာပေါင်း၂၈ရွာတွင် မိုးစပါးစီးပွား ဖြစ် မျိုးသန့်မျိုးစေ့ထုတ်ကွက်၂၅၀ဧက စိုက်ပျိုး ထားလျက်ရှိရာ အဆိုပါမျိုးစေ့ထုတ်တောင်သူများအား ပထမအရစ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉နာရီအချိန်က ဒေါင်းမြူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 29,2020
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ဆွမ်ပရာဘွမ်-ပူတာအိုကြား ဆွမ်ပရာဘွမ်မြို့နယ် အင်ကောမ ကျေးရွာအုပ်စု မိုင်တိုင်အမှတ် (၁၃၈/၆-၁၃၈/၇)ကြား တံတားအမှတ် (၆/၁၄၈) ဖုန်အင်ချောင်းကူး ဘေလီတံတား(၂၃၅)ပေတံတားတွင် ဩဂုတ် ၂၁ ရက် နံနက်(၄) နာရီအချိန် ခန့်က တံတားကျိုးကျမှု ဖြစ်ပွားခဲ့သည်။