Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လမ်းမတော်မြို့နယ် UMFCCI တွင် အာရှဖောင်ဒေးရှင်းမှ ဆောင်ရွက်လျက်ရှိသော “မြန်မာ့စီးပွားရေး ဝန်းကျင်ညွှန်းကိန်း - ၂၀၂၀” ဒုတိယအကြိမ် သုတေသန လေ့လာတွေ့ရှိ…
Aug 29,2020
လမ်းမတော်မြို့နယ် UMFCCI တွင် အာရှဖောင်ဒေးရှင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးကူညီပေးမှုဖြင့် “မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း-၂၀၂၀” ဒုတိယအကြိမ် သုတေသန လေ့လာတွေ့ရှိချက်များကို စာတမ်းပြုစုခဲ့ပြီးဖြစ်၍ ယမန်နေ့တွင် အဆိုပါ လေ့လာ တွေ့ရှိ ချက်များကို Power Point Presentation ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာဝင်းစည်သူနှင့် အလုပ် အမှုဆောင်များ တက်ရောက်ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းဘဲတန်းမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ သိမ်ကြီးဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Aug 29,2020
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို သိမ်ကြီးဈေးရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် မိုးကြိုးဘေးသင့်၍ သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေပေးအပ်
Aug 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အေးရွာကျေးရွာအုပ်စု၊ (၃)ကညင်ကျေးရွာတွင် ဩဂုတ်(၂၇)ရက်၊ ညနေ(၅)နာရီခွဲအချိန်၌ မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ ၎င်းကျေးရွာနေ အမျိုးသားတစ်ဦး မိုးကြိုးဘေးသင့်၍ သေဆုံးခဲ့ခြင်းကြောင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ ညနေ(၄)နာရီ၌ သေဆုံးသူ၏ မိသားစုဝင်များအား လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အခြေခံကျန်းမာရေးပညာရှင်(၁၅)ဦးအတွက် Mobile Tablet (၁၅)လုံး လွှဲပြောင်းပေးအပ်
Aug 29,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော အခြေခံကျန်းမာရေး ပညာရှင်များ အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖြန့်ဝေပေးသော Mobile Tablet များအား ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုရားသုံးဆူမြို့တွင် Covid-19 ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးတွင် အသိပညာပေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 29,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ပြည်သူများအား Covid-19 ကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး အသိ ပညာပေးခြင်းနှင့် Mask များဖြန့်ဝေပေးခြင်းကို ဘုရားသုံးဆူမြို့ စည်ပင်သာယာရေးအဖွဲ့နှင့် ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၃၆ စင်တီမီတာကျော်နေ
Aug 29,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အထက်တွင် ရှိနေသေးကြောင်း ယနေ့ နံနက် ၆ နာရီ၊ မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲရာမှ ဘုန်းတော်ကြီးကျောင်းအား ပိခဲ့သဖြင့် နတ်လမ်းများ ပျက်စီး
Aug 29,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကြို့ပင်သာအုပ်စု၊ စစ်ကုန်းကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က လေပြင်းတိုက်ခတ်မှု ကြောင့် သစ်ပင်လဲရာမှ ဘုန်တော်ကြီးကျောင်း နတ်လမ်းများ ပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့နယ် ပိုဦးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးပေး
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများအား မိသားစုဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပိုဦး ကျေးရွာ ဓမ္မာရုံ၌ ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီး အရာရှိ ဦးသက်ပိုင်စိုးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25354
Page
25355
Page
25356
Page
25357
Current page
25358
Page
25359
Page
25360
Page
25361
Page
25362
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department