လပွတ္တာ သြဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း ကို ယနေ့ နံနက် ၉ နာရီအချိန်က လပွတ္တာမြို့ ဦးဟိုက်ပင့်တံတား (နယ်ဆုံသင်္ဘောဆိပ်)တွင် ပြုလုပ်ခဲ့သည်။
နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်း များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျေးရွာသင်္ဘောဆိပ်များအပြင် လူစည်ကားရာ နေရာများဖြစ်သော ကားဂိတ်များနှင့် လမ်းဆုံ၌ သွားလာသော ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့တပ်ဆင် ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုစနစ်တကျ ဆေးကြောပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ပြည်သူများသို့ အသိပေးပန်ကြားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)