Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Aug 29,2020
မော်လမြိုင်ကျွန်းမြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ ညနေက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မဲဆန္ဒရှင်စာရင်းများ တစ်စုံတစ်ရာလွဲမှားမှုမရှိစေရေးကွင်းဆင်းစစ်ဆေး
Aug 29,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒစာရင်းများ တစ်စုံတစ်ရာလွဲမှားမှု အဖြစ်ပေါ်စေရးအတွက် ကောလင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်ဝင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကိုကို၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန် ရှိသူတို့က ယမန်နေ့ နံနက် ၁၀နာရီအချိန်က ကောလင်းမြို့ပေါ် (၈)ရပ်ကွက် မဲဆန္ဒရှင်ပြည်သူများထံသို့ တစ်အိမ်တက် တစ်အိမ်ဆင်း စနစ်ဖြင့် မဲဆန္ဒစာရင်းတွင်ပြည့်စုံမှန်ကန်မှုရှိ/မရှိ မြေပြင်တိုက်ဆိုင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးချိုင့်မြို့နယ်တွင် စီးပွားရေးကုစားမှုအစီအစဉ် CERP အရ မိုးစပါးမျိုးစေ့ထုတ် ဆောင်ရွက်သည့်တောင်သူများအား စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင…
Aug 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး စီးပွားဖြစ် မျိုးသန့်၊ မျိုးစေ့ ထုတ်တောင်သူများအား မျိုးဖိုးနှင့်စိုက်ပျိုးစရိတ်ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံ၌ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ)၊ သံလွင်ဆောင်ခန်းမ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ့ဖုန်းယန်မြို့ဈေးအတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေး အသိပညာပေးခြင်းဆောင်ရွက်
Aug 29,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ဈေးအတွင်းတွင် ဈေးရောင်းဈေးဝယ်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက် ခြင်း ကို ယနေ့ နံနက် ၇ နာရီကမြို့မဈေးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူများကို ပြင်ဆင် ဆောင်ရွက်ပေး
Aug 29,2020
ပုသိမ်မြို့တွင် ယမန်နေ့အထိ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် များအား ပုံစံ-၃ ၊ပုံစံ - ၄၊ ပုံစံ ၄-ဂ တို့ဖြင့် လျှေက်ထားသူများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း ၊ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ရုံးများက ပုံစံ-၃ ဖြင့် လျှောက်ထား လာသူ ၃၈၁၅ ဦး၊ မဲစာရင်း၌ မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ -၄ ဖြင့်လာရောက် ကန်ကွက်သူ ၉၅၃ ဦး မဲစာရင်းနှင့်ပတ် သက်၍ ပြင်ဆင်လွှာ ပုံစံ ၄-ဂ ဖြင့်လျှောက်ထားသူ ၁၂၉၃ ဦးအား ပြင်ဆင်ပြီးစီးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ် အသုတ်မြို့ မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Aug 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့်ထိန်းချူပ် ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ အသုတ်မြို့ရှိ ဒေသခံပြည်သူများအနေ ဖြင့် ပေါ့ဆစွာ နေထိုင် ခြင်း မပြုကြရန်နှင့် မိမိနေအိမ်မှ ပြင်ပ ထွက်ခွာ သွားလာရာတွင် အသိ သတိ အမြဲရှိနေစေရေးတို့အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ ယနေ့ နံနက်(၈)နာရီတွင် လူစည်ကားရာ မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေ
Aug 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြည့်စုံသော မဲဆန္ဒရှင်စာရင်း ရရှိစေရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိစေရေးနှင့် ဆန္ဒမဲပေးခွင့် ရရှိစေရေး အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25349
Page
25350
Page
25351
Page
25352
Current page
25353
Page
25354
Page
25355
Page
25356
Page
25357
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department