သီပေါ သြဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)နေ့ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် တိုက်ဆိုင်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီက နမ့်လန်ကျေးရွာရှိ မဲရုံ(၉)သို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် မဲစာရင်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် နမ့်လန် ရဲစခန်းမှူး၊ စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ နမ့်လန်ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာရေးတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာရာတွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူ များ အခြားဒေသသို့ ပြောင်းရွှေ့သွားခြင်း၊ အခြားဒေသမှ မဲဆန္ဒရှင်များ မိမိဒေသသို့ ပြောင်းရွှေ့ဝင်ရောက်လာခြင်း၊ မဲစာရင်များ ကောက်ယူပြုစုစဉ် စာရင်း၌ ပါဝင်မှုမရှိခြင်း၊ အသက်(၁၈)နှစ် ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသဖြင့် မဲစာရင်းကြေညာစဉ် နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် မပါရှိသူများ စသည့်အချက်များကို တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)