အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ သီးသန့်လူနာဆောင်(အသစ်) ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက  ကျင်းပပြုလုပ်သည်။
Nov 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ​ဝေယံဘုံသာကျောင်းတိုက်၌ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့် စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဝေယံဘုံသာ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
Nov 29,2021
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၁၀၁-နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယမန်နေ့တွင် လမ်းဆုံနေရာများ၊ ဈေးဆိုင်များနှင့် မြို့နယ်ပြည်သူ့ဆေးရုံ အစရှိ သည့်နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။
Nov 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ တောတိုက်ဓမ္မရိပ်သာဘုန်းကြီးကျောင်းတွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရသည်။
Nov 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်လျက်ရှိသော ဓာတ်လှေကားတာဝါဆောက်လုပ်နေမှု လုပ်ငန်းများအားလုံး ၇၄ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ဓာတ်လှေကားဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ကုတင်(၂ဝ၀) ပြည်သူ့ဆေးရုံနှင့် ကြက်ခြေနီအသင်းသို့ ဧရာဝတီ တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ တိုင်းကြက်ခြေနီအသင်းမှ Oxygen Concentrator နှင့် Oxygen Cylinder အသုံး အဆောင်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 29,2021
မြန်မာတစ်မျိုးသားလုံး၏ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်နိုးကြားမှုဖြင့် အစတည်ခဲ့သော တန်ဆောင်မုန်း လပြည့်ကျော် (၁၀)ရက်နေ့သည် အမျိုးသားအောင်ပွဲနေ့ဖြစ်သည့် အားလျော်စွာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။