Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် မသန်စွမ်းများအား ထောက်ပံ့ရန်အတွက် စာရင်းများ ကောက်ယူလျက်ရှိ
Nov 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် မသန်စွမ်းများအား ကူညီထောက်ပံ့ရန်အတွက် စာရင်းများ ကောက်ယူခြင်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ တပ်ဖွဲ့ဝင် စေတနာ့လုပ်အားရှင်များမှ ရပ်ကွက်ကျေးရွာများအတွင်း တစ်အိမ်တက်ဆင်း စာရင်း များ လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူခရိုင် Community Centre ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မုန့်ကိုက်ပြိုင်ပွဲကျင်းပ
Nov 29,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီက (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် မုန့်ကိုက်ပြိုင်ပွဲအား ပြုလုပ်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ (၀ ဒသမ ၄) ပေ ရေဆက်လက်ကျော်ကျ
Nov 29,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဆည်အောက်ရှိတောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေ ဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ (၀ ဒသမ ၄)ပေခန့် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲနှင့် လက်ကမ်း စာစောင်များဖြန့်ဝေ
Nov 29,2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသည့် (၁၀၁) နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပုသိမ်ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ အခြေခံပညာ အထက်တန်းကျောင်းများ၊ မြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် "နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့" ဆောင်ပုဒ်နှင့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် ဈေးမီးဘေး ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပိုင် ဈေးများဖြစ်သော မြို့မဈေး၊ အောင်သာယာဈေး၊ ဆိပ်ကမ်းသာဈေး၊ ဗိုလ်ချုပ်ဈေးများတွင် ဈေးမီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းကို ယနေ့ နေ့လယ် ၂ နာရီအချိန်က မဟာဗန္ဓုလမ်း၊ မြို့မဈေးကြီး၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Nov 29,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရသေ့တောင်မြို့ မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)မှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Nov 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက်၊ ဇမ္ဗူသီရိဗိမာန်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်း (YMBA)မှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆန်စပါး မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်အောင်မြင်မှုများကြောင့် တောင်သူများ ဝင်ငွေကောင်းလျက်ရှိ
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာ တောင်သူဦးအေးကြွယ်၏ လယ် ဧက ၂၀ တွင် မျိုးသန့်စပါး စိုက်ပျိုးထုတ်လုပ်အောင်မြင်မှုကြောင်း သိရသည်။ လယ်ဧက ၂၀ ကို သမရိုးကျစိုက်ပျိုးပြီး မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုပ်လုပ်ဖို့ ရည်ရွယ်သော်လည်း အရင်းအနှီးငွေ မရှိခဲ့၍ စိုက်ပျိုးခြင်းမရှိခဲ့ရာက WHH အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် မျိုးကောင်းမျိုးသန့်စပါးကို ထုတ်လုပ် အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယခုအခါ မျိုးစေ့ထုတ်လုပ်ပြီး မျိုးစေ့သိုလှောင်ရုံ၊ ဂိုထောင်နှင့် စက်ကရိယာတွေပါ အစုံအလင် ပြည့်စုံနေပြီဖြစ်ကြောင်း တောင်သူဦးအေးကြွယ်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23862
Page
23863
Page
23864
Page
23865
Current page
23866
Page
23867
Page
23868
Page
23869
Page
23870
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department