လပွတ္တာခရိုင်၊ ကုတင်(၂၀၀) ပြည်သူ့ဆေးရုံနှင့် ကြက်ခြေနီအသင်းသို့ Oxygen Concentrator နှင့် Oxygen Cylinder များ ပေးအပ်လှူဒါန်း

လပွတ္တာ နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ကုတင်(၂ဝ၀) ပြည်သူ့ဆေးရုံနှင့် ကြက်ခြေနီအသင်းသို့ ဧရာဝတီ တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ တိုင်းကြက်ခြေနီအသင်းမှ Oxygen Concentrator နှင့် Oxygen Cylinder အသုံး အဆောင်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီအသင်းဥက္ကဋ္ဌ မန်းကြည်ရွှင်က အောက်ဆီဂျင်စက် (Oxygen Concentrator, 10-L) များ လှူဒါန်းရာ ကုတင်(၂၀၀) ပြည်သူ့ဆေးရုံသို့ (၇)လုံး၊  မြို့နယ်ကြက်ခြေနီအသင်းသို့(၂) လုံး၊ စုစုပေါင်း (၉)လုံးနှင့် မြို့နယ် ကြက်ခြေနီအသင်းသို့ အောက်ဆီဂျင်အိုး (Oxygen Cylinder,15-L)(၄)လုံး၊ တပ်ဖွဲ့ဝင်များအတွက် အသုံးအဆောင်ပစ္စည်းများ အား ပေးအပ်လှူဒါန်းခဲ့ရာ ဆေးရုံကြီးမှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိတို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်(ပြန်ဆက်)