မုဒုံ နိုဝင်ဘာ ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ သီးသန့်လူနာဆောင်(အသစ်) ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ အလှူရှင်မိသားစုဝင်များ၊ မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ကျော်မိုးနိုင်နှင့် ဝန်ထမ်းများက တက်ရောက်၍ အဆောက်အဦ ဆောက်လုပ်ရန်မြေနေရာတွင် ပန္နက်တင် ခဲ့ပြီး အမွှေးနံ့သာရေများ ပတ်ဖြန်းခဲ့သည်။ အဆိုပါ အဆောက်အဦမှာ (၈၄×၄၈×၁၂)ပေ သံကူကွန်ကရစ် (၁)ထပ် အဆောက်အဦဖြစ်ပြီး မုဒုံမြို့နေ ဒေါ်ခင်စိန်(မိသားစု)မှ အလှူငွေကျပ် သိန်း(၁၀၀၀) မတည် လှူဒါန်းခဲ့ကြောင်း၊ အလှူရှင်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသည့် တာဝန်ရှိသူများအားလုံးကို မုဒုံ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြား၍ ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)