အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊  ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စု၌ မိုးစပါးစံကွက်ရိတ်သိမ်း ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်ခန့်က ဆိုင်းခေါင်ကျေးရွာရှိ လယ်ကွင်းအမှတ်(၁၃)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Nov 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊​မော်လ​​မြိုင်ကျွန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ငုဝါခန်းမတွင် ယနေ့ နံနက် ၉နာရီက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ပွဲ အခမ်းအနား  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 28,2021
ဝေါမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရှေ့ဘက်ကမ်းရပ်ကွက် အခြေခံပညာမူလတန်းလလွန်အောင်ချမ်းသာကျောင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။ 
Nov 28,2021
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင် ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ကျင်းပခဲ့သည်။ 
Nov 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ၊ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော်များအား မြို့နယ်သံဃနာယကအဖွဲ့မှကြီးမှူးကျင်းပသော ရှင်ကျင့်ဝတ်စာမေးပွဲကို နေ့လည်( ၁၂)နာရီအချိန်က အလယ်တန်းကျောင်း(ခုံမင်းကြီး)၌ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
Nov 28,2021
၂၀၁၉ -၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် သာယာဝတီမြို့နယ်အတွင်း မြန်မာစာဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူ ၃ ဦးအား မြန်မာစာဂုဏ်ထူးဆောင် ဆရာကြီးပီမိုးနင်းအားဂုဏ်ပြုလျက် မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူး၍ ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီက သာယာဝတီမြို့နယ်၊သုံးဆယ်မြို့ ပီမိုးနင်းစာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
Nov 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို နိုဝင်ဘာ၂၈ရက်နေ့ နံနက်၉နာရီအချိန်က အမှတ်(၂)၊ အခြေခံပညာအထက်ကျောင်းတွင် ကျင်းပခဲ့သည်။