မင်္ဂလာဒုံ အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ တောတိုက်ဓမ္မရိပ်သာဘုန်းကြီးကျောင်းတွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရသည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။
မင်္ဂလာဒုံမြို့နယ်၊ တောတိုက်ရပ်ကွက်ရှိ ပြည်သူများနှင့် တောတိုက်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်း တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ် ကိုင်ဆောင်သူ(၅၃)ဦးနှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားကတ်ကိုင်ဆောင်သူ(၆၅)ဦး၊ စုစုပေါင်း (၁၁၈)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဇော်မင်းရှိန်နှင့် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်တို့ တက်ရောက်ခဲ့ သည်။
မင်္ဂလာဒုံမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေး နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို မေလ(၃)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများကိုလည်း ဆက်လက်၍ ကွင်းဆင်းပြုလုပ်ဆောင် ရွက်ပေးသွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
သန္တာ(ပြန်/ဆက်)