အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ဇေယျာသီရိမြို့နယ်၊ အမှတ် (၉၂၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။ 
Nov 29,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်နေ့မှ စတင်၍ ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ပေးခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Nov 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ သီဟိုဠ် စာသင်တိုက်တွင် ကျင်းပပြုလုပ်သည့် (၄၂) ကြိမ်မြောက် ရွှေကျင်နိကာယဝိနယာ နုဂ္ဂဟ စာပြန်ပွဲအတွက် ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ စုပေါင်း၍ ဆန် (၃၀) အိတ်နှင့်ဆီ (၆၀) ပိဿာ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း၊ တော်ဝင်သဇင်ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Nov 29,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သည့် ပေါ်တော်မူ ကံ့ကော်တောဘုရားသို့ ရုံးပိတ်ရက်ရှည် အားလပ်ရက်များတွင် ဘုရားဖူးရန် လာရောက်ကြသည့် ဘုရားဖူးပြည်သူများအား   စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် စာပေဖတ်ရှု သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါဘုရားသို့ သွားရောက်၍ Mobile Library ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်ကုတင်(၂ဝ၀) ပြည်သူ့ ဆေးရုံနှင့်ကြက်ခြေနီ အသင်းသို့ ဧရာဝတီတိုင်း ဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ တိုင်းကြက်ခြေနီ အသင်းမှ Oxygen Concentrator နှင့် Oxygen Cylinder အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။