အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု နိုဝင်ဘာ ၂၉ ရက်နေ့ထိ ၆၅၈၆ ဦး ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် ပညာရေးဦးစီးဌာန၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်ထံက သိရသည်။
Nov 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာအတွက် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက ဒေးဒရဲမြို့နယ် သံဒိဇီးဖြူကုန်းကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
Nov 29,2021
စစ်တွေမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သစ်သီးဝလံအခြေခံစားသောက်ကုန် ပြုလုပ်နည်း သင်တန်းကို စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာတွင် ရက် ၂၀ ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Nov 29,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘတ်စကက်ဘော မျိုးဆက် သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မားဂွီး ပုလဲဘတ်စကက်ဘောကလပ်တို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သော ဆောင်းရာသီ ဘတ်စကက်ဘောအားကစား အခြေခံသင်တန်းကို ယမန်နေ့ ညနေပိုင်းက ခရိုင်အားကစားခန်းမတွင် သင်တန်းဆင်းခဲ့သည်။
Nov 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် သမဝါယမအသင်းစု၌ ယနေ့ နံနက် ၈နာရီခွဲ အချိန်က စားအုံးဆီများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။
Nov 29,2021
မကွေးတိုင်းဒေသကြီး၊‌ ဒေသ-၄ ရေအရင်းအမြစ်နှင့်  မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ၊ မင်းလှမြို့နယ် ရွာတော်ကျေးရွာတွင် မင်းလှ-ရွာတော် ကျေးလက်လမ်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဖြစ်သည့် ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းတမံ တည်ဆောက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်၉နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Nov 29,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်စပါးအပြင် ကိုင်း၊ ကျွန်းမြေများနှင့် ယာမြေအချို့တွင် နေ့စဉ်ဝင်ငွေရရှိမည့် ကာလတို ဟင်းသီးဟင်းရွက် အပင်များနှင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပြီး ဥယျာဉ်ကျေးရွာမှ သံပုယိုစိုက်ပျိုးသူများ အသီး သီးနှုန်းကောင်းပြီး သံပုယိုသီးဈေး အရာင်းအဝယ်သွက်လာသောကြောင့် အဆင်ပြေလျက်ရှိကြောင်း သံပုယိုခြံ စိုက်ပျိုးသူတစ်ဦး ထံမှ သိရှိရသည်။