အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိရေးအတွက် ထရန်စဖော်မာများ အသစ်တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းကြိုးများ တိုးချဲ့တည်ဆောက်ခြင်း၊ ကွန်ကရစ်မီးတိုင်များ၊ သံလက်တန်းများ၊ ဓာတ်ကြိုးများ အစားထိုးလဲလှယ်ခြင်း စသည့်လုပ်ငန်းများကို ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
Nov 29,2021
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ဆဲ ကာလအတွင်း ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက်   မြို့နေ ပြည်သူများ  အသက်သာဆုံးဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြို့နယ်သမဝါယမဦးစီး ဌာနမှ ဖြန့်ဖြူးရောင်းချမည့် အခြေခံ စားကုန်ဆန်နှင့် ကြက်သွန်နီများ ကော့သောင်းမြို့၊ တော်ဝင်ဆိပ်ကမ်းသို့ ယနေ့ နံနက်က ရောက်ရှိလာကြောင်း သိရသည်။
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော မတ်ပဲမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် မေရီလန်းကျေးရွာအုပ်စု တောင်သူဦးဖိုးချို၏ လယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွား နေသည့် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ အဘက်ဘက်မှ လိုအပ် သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ကြားချက် များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။
Nov 29,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ဇေယျာသီရိမြို့နယ်၊ အမှတ် (၂)တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀) ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ 
Nov 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ မြို့​​ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲက ပိုင်ကျုံနယ်မြေ မီးသတ်ဦးစီး ဌာနက လိုက်လံစစ်ဆေးခဲ့ကြသည်။
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်‌ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က နတ်ပေးကျေးရွာအုပ်စုနှင့်‌ ချောင်းကြီးကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Nov 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် လားရှိုးမြို့သင်္ဂဟ ကြက်တောင်ကလပ်အသင်းတို့ ပူးပေါင်းကာ ကြက်တောင်အားကစားနည်း ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကြက်တောင်ရိုက်အားကစား မျိုးဆက်သစ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ချစ်ကြည်ရေးကစားခြင်းကို သီပေါမြို့နယ်အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကစားခဲ့ကြကြောင်း သိရသည်။