တာမိုးညဲ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝေယံဘုံသာကျောင်းတိုက်၌ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့် စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဝေယံဘုံသာ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကာ ဝေယံဘုသာကျောင်းတိုက်၏ ဦးစီးနာယက ဦးဝါယမဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ကြသည်။
ယင်းနောက် မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်၊ မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူ အသီးသီးတို့က ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှု အစုစုတို့ အတွက် ဦးဝါယမဆရာတော်မှ ကထိန်အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှအတမ်း ပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းပြီး ဆွမ်း၊ ဆွမ်းဟင်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန် အခမ်းအနားတွင် စုစုပေါင်း တန်ဖိုးငွေကျပ် (၃၅)သိန်းခန့် တန်ဖိုးရှိ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာပစ္စည်းများကို ပူးပေါင်း၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
(ခေါန်မိုင်)တာမိုးညဲ၊ ပြန်/ဆက်