လေရှီး နိုဝင်ဘာ ၂၉
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၁၀၁-နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယမန်နေ့တွင် လမ်းဆုံနေရာများ၊ ဈေးဆိုင်များနှင့် မြို့နယ်ပြည်သူ့ဆေးရုံ အစရှိ သည့်နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁-ခုနစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်သည့် ၁၀၁-နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ အမျိုးသားပညာရေး၊ 'ဘုန်းရှင့်မြန်မာ တို့မြန်မာ' ကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြားခဲ့သည့် ပညာရေးကဏ္ဍသည် အရေးကြီး၊ အေးအတူပူ အမျှ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၊ အမျိုးသားနေ့ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း စသည့်အမှာစကားများ၊ ဆောင်ပုဒ် များ၊ ကောက်နှုတ်ချက်များနှင့်ကဗျာများ စုပေါင်းဖော်ပြပါရှိကြောင်းသိရသည်။
မဇားဟယ် (လေရှီး)