အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2021
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၁၂၅) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၁၃) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၁၃)ဦးရှိရာ ၎င်းပိုးတွေ့ လူနာများအနက် လွိုင်ကော်​ ဆေးရုံကြီးတွင် (၇) ဦး၊ ရွာသစ်တိုက်နယ် ဆေးရုံတွင်(၄)ဦး၊ မယ်စဲဆေးရုံတွင် (၁)ဦး၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၁)ဦးထားရှိ ကုသပေးလျက် ရှိကြောင်းသိရှိရသည်။
Dec 01,2021
ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက အသံချဲ့စက်ငယ်ဖြင့် အသိပေးခြင်းကို ယနေ့ နံနက်၁၀နာရီက မြို့မရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Dec 01,2021
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မေတ္တာဖြင့်လှူဒါန်းသည့် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း (CFPA) မှ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော ကျန်စစ်သားရပ်ကွက်နှင့် ကမာကဆစ် ရပ်ကွက် အတွင်းရှိ အိမ်ထောင်စု ၁၀၀၀ အား တစ်အိမ်ထောင်လျှင် ဆန် ၁၀ kg၊ ဆီ၁ လီတာ နှင့် ပဲ ၁ kg ထောက်ပံ့ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
Dec 01,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကူးစက်ပြန့်နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခဲ့ရာ  ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Dec 01,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညိှနှိုင်းအစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပ ပြုလုပ်သည်။
Dec 01,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့် နေရာပြောင်းလဲထိုးနှံမည့်နေရာများကို ပြည်သူများသိရှိစေရန်အတွက် နိုဝင်ဘာ ၃၀ရက်၊ညနေ ၃နာရီအချိန်နှင့် ယနေ့ နံနက် ၆နာရီအချိန်တို့တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ထိုးနှံမည့် နေရာများအား ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာန၊ တို့မှပြည်သူများ ကိုဗစ်ကာကွယ် ဆေးထိုးနှံနိုင်ရေး လိုက်လံ‌အသိပေးနှိုးဆော် လျက်ရှိကြောင်းသိရသည်။
Dec 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့် အညီ မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၁၀ နာရီမှစ၍ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး လျက်ရှိသည်။
Dec 01,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာ ရီ အထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။