အမာမြို့၌ အသက် ၁၂ အထက် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး

အမာ     ဒီဇင်ဘာ    

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ဆောင်ပုဒ်နှင့် အညီ မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၁၀ နာရီမှစ၍ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး လျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ပထမအကြိမ် ထိုးနှံပြီးသော အသက် ၁၂ နှစ်အထက်  အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့်ကျောင်းသား၊ ကျောင်းသူ (၁၁၀) ဦးအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး (ဒုတိယအကြိမ်စတင်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် အဆင်ပြေစေရေးအတွက် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေခံတပ်ရင်းမှူး၊ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံဆရာမကြီးနှင့် ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက စနစ်တကျဆေးထိုးနိုင်ရန် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

အမာ(ပြန်/ဆက်)