Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Dec 01,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန် အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့်အသိပညာပေးလုပ်ငန်းများလိုက်လံနှိုးဆော်
Dec 01,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးနှိုးဆော်မှုများအား ယနေ့ နံနက် ပိုင်းအချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား Phase 4 ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ဆက်လက်ထိုးနှံပေး
Dec 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား Phase4 ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ဆက်လက်ထိုးနှံပေးခြင်းကို အမှတ်(၄)ရပ်ကွက် မြို့လယ် သံဓမ္မာရုံ၌ ယနေ့ နံနက် ၈ နာရီမှ စတင်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သုတေသနစမ်းသပ်ကွက် သက်လျှင်အထွက်ကောင်းစပါးမျိုးများ စံကွက်ရိတ် သိမ်းပွဲ ပြုလုပ်
Dec 01,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် တောင်သူပညာပေးစိုက်ပျိုးထားရှိသည့် သုတေသနစမ်း သပ်ကွက် သက်လျှင် အထွက် ကောင်းစပါးမျိုးများ စံကွက်ရိတ်သိမ်းပွဲကို ဒီဇင်ဘာ ၁ ရက် ၊ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဒေါ်ထွေးထွေး၏ ကွင်းအမှတ်(၈၉၅) စပါးစိုက်ခင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေး
Dec 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကို RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းအား ယနေ့ နံနက်(၇:၀၀)နာရီအချိန်ခန့်က ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့စဉ်ပြုလုပ်ပေးလျက်ရှိ
Dec 01,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများ နှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့်မြို့နယ်ဦးစီးမှုးရုံးတွင် နေ့စဉ်ပြုလုပ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံတံတားသစ်စီမံကိန်းလုပ်ငန်းအတွင်းပါဝင်သော မြေယာနှင့်အဆောက်အဦများအား စတုတ္ထအကြိမ် လျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်တွင် ကွမ်းလုံတံတားသစ်စီမံကိန်း လုပ်ငန်းအတွင်း ပါဝင်သွားသော မြေယာနှင့် အဆောက်အဉီ များအား (စတုတ္ထအကြိမ်) လျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကွမ်းလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကွမ်းလုံစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်ဇော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမြှင့်နိုင်ဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၃) ဖွင့်လှစ်
Dec 01,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အမျိုးသမီးငယ်များ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ တတ်မြောက်ပြီး မိသားစုဝင်ငွေရရှိစေရေးအတွက်ရည်ရွယ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန၊ ကွပ်ကဲမှုေအာက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ဖြူး)၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉) နာရီ တွင် အဆိုပါ သင်တန်းကျောင်း ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23833
Page
23834
Page
23835
Page
23836
Current page
23837
Page
23838
Page
23839
Page
23840
Page
23841
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department