နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားတတိယအသုတ်ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ

နွားထိုးကြီး   ဒီဇင်ဘာ  ၁

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာ ရီ အထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ 

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး အသက် (၁၈)နှစ်အထက်ပြည်သူများကို ဆေးတစ်လုံးလျှင် လူ ငါးဦး5Doseထိုးနှံလျက်ရှိပြီးအသက်(၁၈)နှစ်အထက်ပြည်သူ စုစုပေါင်း(၃၀၇၂၄)ဦး အားဆေးထိုးပေး ပြီး  ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်စီမံခန့်ခွဲမှု ကော် မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။              

ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ကျေးရွာများရှိပြည်သူများကိုလည်းသတ် မှတ်ဦးစားပေး အုပ် စု အလိုက်ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်