ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိပြီး သတ်မှတ်နေရာအသီးသီးများကိုလိုက်လံနှိုးဆော်အသိပေး

ညောင်ဦး   ဒီဇင်ဘာ   ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့် နေရာပြောင်းလဲထိုးနှံမည့်နေရာများကို ပြည်သူများသိရှိစေရန်အတွက် နိုဝင်ဘာ ၃၀ရက်၊ညနေ ၃နာရီအချိန်နှင့် ယနေ့ နံနက် ၆နာရီအချိန်တို့တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ထိုးနှံမည့် နေရာများအား ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာန၊ တို့မှပြည်သူများ ကိုဗစ်ကာကွယ် ဆေးထိုးနှံနိုင်ရေး လိုက်လံ‌အသိပေးနှိုးဆော် လျက်ရှိကြောင်းသိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား ညောင်ဦး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင်ထိုးနှံပေးခဲ့ရာမှ ယခုအခါ ရွှေစည်းခုံ ဝေဇယန္တာဗိမ္မာန်တော်ကြီးတွင် ပြည်သူများအလွယ်တကူထိုးနှံနိုင်ကြရန် ရွေ့ပြောင်းထိုးနှံပေး သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရော ဂါကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် အဓိကအလေး ထားဆောင်ရွက်လျက်ရှိရာ ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၄၀နှစ်အထက်မှ ၅၉နှစ်၊ အသက် ၆၀နှစ်မှ အသက် ၆၉နှစ်နှင့်အထက်၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် မကူးစက်နိုင်သော ရောဂါ ရှိသူများအားလည်းကောင်း၊ ပထမအကြိမ် Sinopham ဆေးထိုးပြီး ဒုတိယအကြိမ်ဆေးထိုးရန် ကျန်ရှိသူများအားလည်းကောင်း၊ ဆေးလုံးဝမထိုးရသေးသူများအား လည်းကောင်း နိုဝင်ဘာ ၂၇ရက်၊ ယနေ့တွင်လည်း  နံနက် ၉နာရီအချိန်မှစတင်ပြီး ရွှေစည်းခုံဘုရား ဝေဇယန္တာဗိမ္မာန်၊ ပုဂံအထက၊ တောင်ဇင်းအထက၊ ငါ့သရောက်တိုက်နယ်ဆေးရုံတို့တွင် ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူများသိရှိနိုင်စေရန် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ခရိုင် ဦးစီးမှူးဒေါ်မေသန္တာအောင်ထံမှ သိရသည်။

ကိုထိန်၊KPD