ကယားပြည်နယ် ဒီဇင်ဘာ ၁
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၁၂၅) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၁၃) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၁၃)ဦးရှိရာ ၎င်းပိုးတွေ့ လူနာများအနက် လွိုင်ကော် ဆေးရုံကြီးတွင် (၇) ဦး၊ ရွာသစ်တိုက်နယ် ဆေးရုံတွင်(၄)ဦး၊ မယ်စဲဆေးရုံတွင် (၁)ဦး၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၁)ဦးထားရှိ ကုသပေးလျက် ရှိကြောင်းသိရှိရသည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁၃) ဦးရှိရာ ယခုထပ်မံတွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၅၈၀၂) ဦး၊ ဆေးရုံဆင်း လူနာ (၅၄၄၀)ဦးရှိပြီးယနေ့သေဆုံး လူနာ(၂)ဦးရှိကာ ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင်တွင်(၁)ဦးနှင့် လွိုင်ကော်မြို့နယ်တွင်(၁)ဦးဖြစ်ပြီး သေဆုံး လူနာ စုစုပေါင်းမှာ(၂၃၁)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၆၂) ဦး၊ Positive Medical Centre များတွင် (၁၀)ဦး ၊ ဘောလခဲမြို့နယ်တွင် (၃၁)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၁၇)ဦး၊ မယ်စဲ့မြို့နယ်တွင် (၈)ဦး၊ ရှားတောမြို့နယ်တွင် (၂)ဦးနှင့် မိုးဗြဲဆေးရုံတွင်(၁)ဦး စုစုပေါင်း လူနာ (၁၃၀) ဦးတို့အား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။