အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၄၅နှစ်နှင့်အထက် ပြည်သူများနှင့် ကုမဏီဝန်ထမ်းများကို ပထမအကြိမ် အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိ နေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အ​ခြေခံပညာ မူလတန်း​ကျောင်း အ.မ.က(၂)၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Dec 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။
Dec 01,2021
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လအတွင်း နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၁၀၀) အောက် လုပ်ငန်းများအတွက် နည်းပညာ အဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
Dec 01,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့် နွေနှမ်း ဧက ၆၀၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် တောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေး တွက် ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မဲဇလီရေလွှဲဆည်မှ တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့ကို စိုက်ပျိုးရေ စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၁၆)ရပ်ကွက်ရှိရာ၊ ယမန်နေ့ နံနက် ၉း၀၀အချိန်က (၁၂)ရပ်ကွက်အုတ်ကျင်းမှတ်တိုင်၊ တပ်မတော်ချည်မျှင့်နှင့် အထည်ချုပ်စက်ရုံရှေ့ သစ်ပင် သစ်ကိုင်းများ ရှင်းလင်းခြင်း၊ အမှိုက်များ မြက်ချုံများရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရလာကောင်းမွန်စေရေး၊ ရေမြောင်းများ ဖောက်လုပ်ခြင်းများကို လှိုင်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အစီအစဉ်ဖြင့် စည်ပင်ဝန်ထမ်း များမှဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
Dec 01,2021
ကရင်ပြည်ယ်၊ ဘားအံခရိုင်၊ သံတာင်ကြီးမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက်(၁၀)နာရီအချိန်က သံတောင်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ပြည်သူများ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 01,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီတွင် ပါဝင်သည့်ဌာနများမှ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ၊ ပရဟိတ အဖွဲ့များအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးကို ပိုမိုနားလည်လာစေပြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိစေရန်ရည်ရွယ်၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း များ အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၉ နာရီက မှိုင်းပန်ကျေးရွာနှင့် တောင်တော်ကျေးရွာမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။