အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွား မှုနှုန်းမြင့်တက်မှုကြောင့် ယာယီပိတ်ထားခဲ့ရာမှ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်အတွင်း ၂၀၂၁-ခုနှစ်၊နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာကျောင်း(၁၄၁)ကျောင်း ရှိသည့်အနက် ယမန်နေ့ အထိ (၉၇)ကျောင်းကိုဖွင့်လှစ် သင်ကြားပေးလျက်ရှိသဖြင့် (၆၈.၇၉)ရာနှုန်းဖြစ်ပြီး၊  (၄၄)ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသဖြင့် (၃၁.၂၁)ရာနှုန်းဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရ သည်။
Dec 01,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၉နာရီခွဲက ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 01,2021
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိ ပညာ‌ပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက်ပိုင်းက ကမမောင်းမြို့ မြို့မဈေး အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 01,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန် အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာယနေ့ နံနက်(၉)နာရီအချိန်က မြို့‌ပေါ်ရပ်ကွက်များသို့ သွားရောက်၍‌ မြန်မာ ဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Dec 01,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ‌ရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ နယ်စပ်ဒေသရှိ တိုင်းရင်းသူများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွား ဘဝမြှင့်တင်နိုင်စေရေးအတွက် ရည်ရွယ်၍ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာ သင်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ သည်။
Dec 01,2021
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သားဆက်ခြားအသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
Dec 01,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို   ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်    အသိပညာပေးလုပ်ငန်းများကို   စဉ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိရာ   ယနေ့နံနက်ပိုင်းတွင်   ကျန်းမာရေးဝန်ကြီးဌာနက   ထုတ်ပြန်ထားသော    ပြည်သူသို့ အသိပေးပန်ကြားချက်များကို   ဒေသနေပြည်သူများ   ကျယ်ကျယ်ပြန့်ပြန့်   သိရှိလိုက်နာကြစေရန် ကရင်၊ မြန်မာနှစ်ဘာသာဖြင့်  အသိပညာပေး  နှိုးဆော်မှုများကို    ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
Dec 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများသည် နိုဝင်ဘာလ ၂၉ ရက်နေ့က သပြေကုန်းကျေးရွာအုပ်စုနှင့် ပဲတခွဲကျေးရွာအုပ်စုတို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။