ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပေးနှိုးဆော်

ပျော်ဘွယ်  ဒီဇင်ဘာ  ၁

ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက အသံချဲ့စက်ငယ်ဖြင့် အသိပေးခြင်းကို ယနေ့ နံနက်၁၀နာရီက မြို့မရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အသံချဲ့စက်ငယ်ဖြင့် အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ သွားလာနေထိုင်ရေး၊ ဒေသဆိုင်အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ချက်များ တိကျစွာလိုက်နာရေး၊ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းများစနစ်တကျတပ်ဆင်ရေး၊ မကြာခဏလက်ဆေးခြင်းများ ပြုလုပ်ရေးတို့ကို အသိ ပေးနှိုးဆော်ခဲ့သည်။

ထို့အပြင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အပြင် မိဘပြည်သူများ အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နှစ်ကြိမ်လုံးမဖြစ်မနေ ထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)