အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက ငပွေးတန်းစာဖြူ ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော အသက်(၁၈)နှစ်အထက် ပြည်သူများ အား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က အမာမြို့၊ (၁)ရပ်ကွက်ရှိတိလောကအောင်တော်မူသာသနာ့ဗိမာန်တော်ကြီးတွင်စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့မဈေးကြီးတာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက မြို့မဈေးကြီး မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
Dec 01,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းရပ် ရှမ်းချောင်းလမ်းမကြီး လမ်းသွယ်ရှိ နေအိမ်တစ်လုံးသည်  မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်း၍ မီးဘေးသင့် ခဲ့ရသော အိမ်ထောင်စု တစ်စုအား ယမန်နေ့ ညနေပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ ငွေများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Dec 01,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharm အား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ဘုရင့်နောင်ရပ်ကွက်ပြည်သူများနှင့် ဈေးသူဈေးသားများအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Dec 01,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် တိုက်ကျွေးလုပ်ငန်းကို ရပ်ကွက်၊ ကျေးရွာများမှ ကလေးငယ်များအား ယနေ့နံနက်ပိုင်းက  သက်ဆိုင်ရာ စုရပ်များတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 01,2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု တောမကျေးရွာရှိ ဂိုဏ်းထောက် ကျောင်းတိုက်တွင် ဉာဏ်တော် အလျား၇၂ ပေရှိသော လျောင်းတော်မူမြသာလျောင်းဘုရား ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကို တည်ထားလျက်ရှိပြီး မကြာမီ တည်ထားပြီးစီးတော့မည်ဖြစ်ကြောင်း သိရ သည်။