Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ် သင်ကြားလျက်ရှိ
Dec 01,2021
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ဆင်ပေါင် ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အခြေခံပညာ ကျောင်းများကို ယာယီ ပိတ်ထားခဲ့ရာ ယခုအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု နှုန်း ကျဆင်းလာသည့် အတွက် အခြေခံပညာကျောင်းများအား နိုဝင်ဘာလ (၃၀) ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြား လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လူသွားလမ်းနှင့် အလှပန်းပင်စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်
Dec 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအတွက် လမ်းမတော်လမ်းမကြီးဘေးရှိ ခရိုင်ရုံးပေါင်းစုံရှေ့ ပလက်ဖောင်းနေရာတွင် လူသွားလမ်းပြုလုပ်ခြင်းနှင့် အလှပန်းပင်စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတစ်ဦးသေဆုံးပြီး (၃) ဦးထပ်မံစစ်ဆေးတွေ့ရှိ
Dec 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တိုက်နယ်ပြည်သူ့ဆေးရုံ၌ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားသူ တစ်ဦးသေဆုံးပြီး ကျေးရွာနေ ပြည်သူများမှ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ(၃)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိုရှယ်မီဒီယာ အသုံးပြုမှုဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်
Dec 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ဆိုရှယ်မီဒီယာအသုံးပြုမူဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်အတွင်းရှိ Quarantine Centre များ၌၂၀၂၁ခုနှစ်၊သြဂုတ်လအတွင်းဆေး ကုသမှုခံယူခဲ့သည့် ကိုဗစ်-၁၉လူနာများအားကျွေးမွေးစရိတ်ထောက်ပံ့ပေး
Dec 01,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၁ခုနှစ်၊သြဂုတ်လ ၁ ရက်နေ့မှ ၃၁နေ့အထိ မြို့နယ်အတွင်းရှိ Quarantine Centreများတွင်ဆေးကုသမှုခံယူခဲ့သည့် ကိုဗစ်-၁၉လူနာများအားကျွေးမွေး စရိတ် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်း အဝေးခန်း မ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရန် ရန်ပုံငွေ ပေးအပ်
Dec 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဆောင်ရွက်ရန် ရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းရယ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ မွေးကင်းစမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်
Dec 01,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ မွေးကင်းစမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းများကို သရက်မြို့အနောက် မြောက်ပိုင်း ရပ်ကွက် မင်းတုန်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွက် ကျန်းမာရေးဝန်ထမ်းများမှ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အားနိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် က…
Dec 01,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း သား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေကတ်ပြားများထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများ က အဆိုပါကျောင်းသို့သွားရောက်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23834
Page
23835
Page
23836
Page
23837
Current page
23838
Page
23839
Page
23840
Page
23841
Page
23842
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department