အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၈ နာရီမှစတင်၍ ကျောင်းအပ် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသားကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့၊ ကျောင်းအပ်ခြင်းကို အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီက ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပပြီး ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံခြင်းကို စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
May 26,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် (မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ) ယနေ့နံနက် ၉ နာရီမှ စတင်၍ ကျောင်းအပ်လက်ခံဆောင်ရွက်ရာ မိဘများမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ကျောင်းလာရောက် အပ်နှံလျက် ရှိကြောင်း သိရသည်။
May 26,2022
မိတ္ထီလာမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ကျောင်းများဖွင့်လှစ်ပြီး သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်နှံခြင်းများလက်ခံပြီး ကျောင်းသားကျောင်းသူများအား သင်ရိုးညွန်းတန်းဖတ်စာအုပ်များနှင့် စာရေးကိရိယာများ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
May 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး​နေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
May 26,2022
“ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ လားရှိုးမြို့အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာနယ်မြေများအလိုက်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများ စတင်ဆောင်ရွက် ပေးလျက်ရှိသည်။
May 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင်၂၀၂၂ -၂၀၂၃  ပညာသင်နှစ် အခြေခံပညာကျောင်းများကို  ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ အခြေခံပညာကျောင်းများ မေလ ၂၆ ရက်နေ့မှ စတင်၍  သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။