အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် နည်းပညာပေး‌ ဆွေးနွေးပွဲများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်‌နေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်ဌာနဆိုင်ရာများက ဆူးပုတ်ကုန်းကျေးရွာသို့ ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေး အထိမ်းအမှတ်အခမ်းအနားကို အ.ထ.က(ပန်းတင်)ကျောင်းတွင် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။
May 26,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်ပညာရေးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် KG၊Grade-1 မှ Grade-11 အထိ ကျောင်းသုံးဖတ်စာအုပ်များကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စလင်းမြို့နယ် အခြေခံပညာအမှတ်(၁) အထက်တန်းကျောင်းတွင်းရှိ သုံးထပ်အဆောင်တွင် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
May 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့မနက် ၉ နာရီက အ.ထ.က(မြတ်သီရိခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး​နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီချိန်က အ.ထ.က(၁) ​အောင်ရတနာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယနေ့နံနက်(၉)နာရီကစတင်ပြီး ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခကြေးငွေတစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများအပြင် သူငယ်တန်းမှပဉ္စမတန်းအထိ ကျောင်းဝတ်စုံတစ်စုံတို့ကို နိုင်ငံတော်မှအခမဲ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
May 26,2022
တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ သက်ဆိုင်ရာ ကျောင်းများအလိုက် အခြေခံပညာသင်ယူနိုင်ရေးအတွက် ကျောင်းသူ၊ ကျောင်းသားများကို စတင်လက်ခံနေပြီ ဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများဖြစ်သော အထက(၁)၊ အထက(၂)၊ အထက(ခွဲ)ညောင်အိုင်၊ အလက (၅)၊ အလက( ၁)၊ အမက(၂) မူလွန်ကျောင်းနှင့်အမက(၄) ကျောင်းများတွင် ယနေ့နံနက် ၉ နာရီအချိန်က စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
May 26,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာ ယာလှပစေရန်၊ သစ်တောသစ်ပင်များပြုံးတီးမှုမှ ကာကွယ်နိုင်ရန်နှင့် ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များ အခမဲ့စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထားရှိကြောင်း သိရသည်။