အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်၌ လျှပ်စစ်ဓာတ်အား ချွေတာရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက ပြသဆောင်ရွက်ခဲ့သည်။
May 26,2022
“ကျောင်း​နေအရွယ် က​လေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ​ကျောင်းအပ်နှံကြပါဆို့” ​ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာ ထက်၊ လယ်၊ မူ၊ ကိုယ်ပိုင်၊ ဘက​ကျောင်းများ ​ကျောင်းအပ်နှံ​ရေး အခမ်းအနားကို အ.ထ.က နတ်တလင်းကျောင်း မနောဟဒယခန်းမတွင် ယနေ့နံနက်၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
May 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူလမ်းသွားလမ်းလာ ပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ကန်ကြီးထောင့်မြို့ လူစည်ကားရာ မာလာကုန်းလမ်းဆုံနှင့် မြို့မစျေးရှေ့နေရာများ၌ ပြုလုပ်ကြသည်။
May 26,2022
မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးတွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ယနေ့နံနက် ၉နာရီက ကျင်းပပြီး အဆိုပါပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်စတင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
May 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယနေ့နံနက်(၀၉:၀၀)နာရီကစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု စတင်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
May 26,2022
မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Monkeypox (မျောက်ကျောက်ရောဂါ) အသိပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံနှင့်စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မလှိုင်မြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း(မလှိုင်)တွင် ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။
May 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၆ ရက်၊ နံနက် ၉ နာရီအချိန်မှစ၍ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
May 26,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထားဝယ်တက္ကသိုလ်တို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် ထားဝယ်တက္ကသိုလ်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။