အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
ကျောင်းအပ်ရာသီစတင်သောနေ့တွင် မြန်မာပြည်တစ်ဝန်းရှိကျောင်းများ ကျောင်းအပ်လက်ခံလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်သားမိဘများ အေးချမ်းစွာ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
May 26,2022
“ကျောင်း​နေအရွယ်က​လေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ​ကျောင်းအပ်နှံကြပါဆို့” ​ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာ ထက်၊ လယ်၊ မူ၊ ကိုယ်ပိုင်၊ ကျောင်းများ ​ကျောင်းအပ်နှံ​ရေး အခမ်းအနားအား ယ​နေ့ နံနက် (၉) နာရီအချိန်က ထန်းတပင်မြို့အ​ခြေခံပညာအထက်တန်း​ကျောင်း ပင်လုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 26,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းလာရောက် အပ်နှံလျက်ရှိသည်။
May 26,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအထောက်အကူပြုရန်၊ သစ်တောသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဆောင်ရွက်ရာတွင် ဒေသခံများပူးပေါင်းပါဝင်ဆောင်ရွက်လာကြစေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက သာစည်မြို့ အမှတ်(၁)ရပ်ကွက် ငါးဆူတိုးချဲ့အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
May 26,2022
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေရရှိရေး၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ဖြန့်ဝေနိုင်ရေးတို့အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
May 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ မိုးဦးရာသီတွင် ခြင်ပေါက်ဖွားမှုနှုန်းလျော့နည်းစေပြီး သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွား စေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှကြိုတင်ကာကွယ်စေရန်ရည်ရွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၇)နာရီအချိန်တွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် "ကျောင်းနေ အရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ "ဆောင်ပုဒ်နှင့်အညီ ကျောင်း အပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။