မင်းတုန်း မေ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် (မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ) ယနေ့နံနက် ၉ နာရီမှ စတင်၍ ကျောင်းအပ်လက်ခံဆောင်ရွက်ရာ မိဘများမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ကျောင်းလာရောက် အပ်နှံလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်လက်ခံ ဆောင်ရွက်ရာတွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့်အားလုံး အခမဲ့ဖြစ်ပြီး မူလတန်းအဆင့်အား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာပစ္စည်း ထောက်ပံ့မည်ဖြစ်သည်။ မင်းတုန်းမြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း (၁၅၀) ရှိသည့်အနက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းပေါင်း (၁၄၇) ကျောင်းဖွင့်နိုင်ပြီး ငကုန်းကျေးရွာ အ.လ.က(ခွဲ)၊ ကျုံးကျေးရွာ အ.မ.က(ခွဲ)နှင့် သရက်ချဉ် (အောက်)ကျေးရွာ အ.မ.က(ခွဲ)တို့အား ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်