Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပိုင်ကျုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
May 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ပြည်သူများသွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate) ခပ်ခြင်းများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ ပိုင်ကျုံမြို့အမှတ်(၄) ရပ်ကွက်၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြိုယုကျေးရွာရှိ မြိုတိုင်းရင်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုများကွင်းဆင်းဆောင်ရွက်
May 26,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအုပ်စုတွင် တိုက်ပွဲရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စုများအတွက် နေရာချထားပေးသည့် မြိုယုကျေးရွာသစ်၌ နေထိုင် လျက်ရှိသော မိသားစုများအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှု များ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်
May 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ကျောင်းအပ်လက်ခံခြင်းများကို ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ယနေ့နံနက်(၉)နာရီမှစတင်ကာ မြို့နယ်အတွင်းရှိကျောင်းများအလိုက် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်
May 26,2022
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့နံနက်မှ ဇွန်လ ၁ ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်စတင် လက်ခံ
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများအား တပြိုင်နက်ထဲ ကျောင်းအပ်စတင် လက်ခံပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ဆရာကွန်းခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
May 26,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါ့သရောက်မြို့နယ် အခြေခံကျောင်းများတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများစတင်ဆောင်ရွက်
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံကျောင်းများဖြစ်သည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ်လက်ခံနေပြီး ဖြစ်ကြောင်း သိရပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20491
Page
20492
Page
20493
Page
20494
Current page
20495
Page
20496
Page
20497
Page
20498
Page
20499
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department