ကံမ မေ ၂၆
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၈ နာရီမှစတင်၍ ကျောင်းအပ် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသားကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်နှံခြင်းကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ(၂၆)ရက်မှ ဇွန်(၁)ရက်နေ့အထိဖြစ်ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံ စေရေးအတွက် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြ ပါစို့" ဆောင်ပုဒ်ပါ အသိပညာပေး ဆိုင်းဘုတ်များအား အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများ၌ စိုက်ထူပေးခဲ့ကြောင်း မြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း(၁၂၈)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)