အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအားလုံးက ယနေ့နံနက်၉နာရီမှစ၍ လာအပ်သည့် ကျောင်းသား/ကျောင်းသူများအား စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
May 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ စာသင်ကျောင်းများတွင် မိဘများမှ ကျောင်းသားကျောင်းသူများအား ပျော်ရွင်တက်ကြွစွာဖြင့် ယနေ့နံနက် ၉ နာရီမှစတင်၍ လာရောက် ကျောင်းအပ်နှံနေကြကြောင်း သိရသည်။
May 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက်(၉)နာရ အချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့မိမြို့ဖ ဦးခွန်လှိုင်က ယခင်နှစ်ထက် ကလေးများ ရာနှုန်းပြည့် ‌ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းသား၊‌ ‌‌ကျောင်းသူ မိဘများလည်း ပါဝင်ပူပေါင်းကြရန် တိုက်တွန်း‌နိုး‌ဆော်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
May 26,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနက အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများရှိ ဘိုးဘွားများအား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 26,2022
၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့အားကစားကွင်းတွင် ယနေ့ မေလ၂၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
May 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားအနီး၊ ကျောက်တော်ကြီးလမ်းတွင် ယမန်နေ့ည (၁၀:၂၀)အချိန်ခန့် က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့မှ ဇွန်လ ၁ ရက်နေ့အထိ အခမဲ့ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။