ဇလွန်မြို့နယ်တွင် (၃၆) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ကျင်းပ

ဇလွန်  နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသည့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များမှ စုပေါင်းကျင်းပသည့် (၃၆) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ နံနက် ၇ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ  မြို့အတွင်းသို့ လှည့်လည်ခဲ့ကြပြီး ညောင်ပင်စျေးရပ်ကွက် သံလွင်ကွင်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များက နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး သံလွင်ကွင်းကျောင်းတိုက်ဆရာတော် ဦးပညာနန္ဒထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ကထိန်ဉာတ်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ကြွရောက်တော်မူလာသော သံဃာတော် အရှင်သူမြတ်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် သံလွင်ကွင်းကျောင်းတိုက် ဆရာတော်ဦးပညာနန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ကထိန်ဉာတ်သင်္ကန်းနှင့် ကထိန်အနုမောဒနတရားတော်နာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှုဒါန်းခဲ့ကြသည်။

ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသည့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များမှ စုပေါင်းကျင်းပသည့် မဟာဘုံကထိန်ပွဲ ဆပ်ကပ်လှူဒါန်းရာတွင် ငွေသားတန်ဖိုး ငွေကျပ်သိန်း (၈၉၅၃၅၀၀)၊ အလှူပစ္စည်း တန်ဖိုးငွေ ကျပ်သိန်း (၃၁၉၄၈၀၀)၊ စုစုပေါင်းတန်ဘိုးငွေကျပ်သိန်း (၁၂၁၄၈၃၀၀) အား လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)