ပိုင်ကျုံ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဆံတော်ရှင်မိုးနိုင်းဘုရား၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၂၆ ရက် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကမော့ကချူးကျေးရွာနေ ဦးအောင်စိုး+ဒေါ်ယဉ်ယဉ်ကြည်မိသားစုတို့ ဦးဆောင်ပြီး အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များတို့မှ စုပေါင်း၍ ကထိန်သင်္ကန်းများကို ဆံတော်ရှင်မိုးနိုင်းဘုရားတွင် လှည့်လည်ပူဇော်ခဲ့ပြီး မိုးနိုင်းဘုရားဓမ္မာရုံတွင် ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူ ဒါယကာ/ဒါယိကာမများတို့သည် ဓမ္မကထိကဆရာတော်ထံမှ ငါးပါးသီလခံယူခြင်းနှင့် ကထိန်အနုမောတနာတရားနာကြားခြင်း၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခဲ့ပြီး ပင့်ကျောင်းဆရာတော်များမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)