ငါန်းဇွန် နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်မှ ရတနာပုံကျောင်းတိုက်၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများသည် ရတနာပုံ ကျောင်းတိုက်ဆရာတော် မြို့နယ်သံဃာ့နာယကဥက္က ဘဒ္ဒန္တအိန္ဒြောဘာသထံ သီလခံယူ ဆောက်တည်ကြပြီး ဩဝါဒခံယူကြသည်။ ထို့နောက် ရတနာပုံကျောင်းတိုက်ဆရာတော်ထံ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်း ပူဇော်ကြပြီး ကြွရောက်လာသော သံဃာတော်များထံ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ဆက်လက်၍ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ တန်ဖိုးငွေစုစုပေါင်း (၅ဝ၁၃၅ဝဝိ/-) ကျပ်တိတိအား ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုအစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)