တာမွေမြို့နယ်တွင် ယာဥ်လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး သင်တန်းဖွင့်လှစ်
Nov 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် ကျောင်းသားကျောင်းသူများ ယာဥ်လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး (Road Safety Education Training for School) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်နေ့ နေ့လယ် (၁)နာရီ အချိန်က အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။