ခိုလမ်မြို့၊ အ.ထ.ကကျောင်းတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ

ခိုလမ် ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။

အဆိုပါ (၁၀၃)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲတွင် အ.ထ.က ကျောင်းအုပ်ဆရာကြီးဦးကျော်စိန်မှ ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ်များကို အလေးထားရန်နှင့် မမေ့လျော့စေရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒု-အလယ်တန်းပြ ဆရာမဒေါ်အေးမိစံမှ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်အကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူဦးရေ (၂၀၀)ဦးခန့်တို့မှ စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)