ခိုလမ်မြို့ ပြည်သူ့ပန်းခြံတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ခိုလမ် ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရန် ပြည်သူ့ပန်းခြံတွင် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ခိုလမ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ခွဲတာဝန်ခံ ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက ပြည်သူ့ပန်းခြံအတွင်း/အပြင်တွင် ပြည်သူများနှင့်ကျောင်းသား/သူများ အပန်းဖြေစေရန်နှင့် ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေရန် မိုးတွင်းအခါတွင် ပေါက်ရောက်လျက်ရှိသော ချုံနွယ်များ၊ မြက်များ ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)