မိုင်းယု ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ရှိ ဌာနဆိုင်ရာရုံးများ သန့်ရှင်းသာယာလှပရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၏ ဦးဆောင်မှုနှင့်အတူ အပတ်စဉ်သောကြာနေ့တိုင်း မိမိတို့၏ ရုံးဌာနများ၌ သန့်ရှင်းရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာရုံးတို့၌ သန့်ရှင်းသာယာလှပရေးနှင့် လေကောင်းလေသန့်ရရှိစေရန် ချုံနွယ်၊ မြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ လှည်းကျင်းခြင်း၊ ခြင်၊ ယင်၊ ပေါက်ဖွားမှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို မိမိတို့ရုံးဌာနအလိုက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အားချာ