နတ်မောက် ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုူဦးစီးဌာန ဦးသက်နိုင်စိုး(ဦးစီးအရာရှိ)ကရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏အကျိုးသက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သောဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ဘေးအမျိုးအစားအလိုက် ဘေးအန္တရာယ်ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်ရမည့်အနေအထားများကိုပြသခဲ့သည်။ ထို့နောက် အသိပညာပေးဟောပြောပွဲ တက်ရောက်လာသည့် ဆရာ/မများနှင့် ကျောင်းသား/သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း