တပ်ကုန်း ဒီဇင်ဘာ ၁
မွေးမြူရေး၊စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်-၁၄၁၁ ခ၊ တောင်သူ ဒေါ်လှကြည်၏ ယာမြေပေါ်တွင် တူးဖေါ်ထားရှိသည့် စက်ရေတွင်းအမှတ် (၈)၊ ဆိုလာစနစ်ဖြင့် မြေအောက်ရေတင်စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေ ၄နာရီခွဲက လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါမြေအောက်ရေတင်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်၊ ရေအရင်းမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးခင်ဇော်နှင့် တာဝန်ရှိသူများက တောင်သူများနှင့်တွေ့ဆုံပြီး နှစ်သီးစားမှ သုံးသီးစားထိ စိုက်ပျိုးနိုင်ရေး၊ သီးနှံစိုက်ပျိုးရာတွင် ရေကို စနစ်တကျ အသုံးချရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီးနောက် တောင်သူများ၏ တင်ပြချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်