သတင်းများ

သန်လျင်၌ သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
Dec 01,2023
ကျောင်းသားကျောင်းသူလူငယ်များ သဘာဝဘေးအန္တရာယ်ကိုသိရှိပြီး ကြိုတင်ကာကွယ်ရေး အသိပညာပေးနိုင်ရန် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်(Kaeru Caravan)ကို ယမန်နေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ရှိ သန်လျင်ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။
နည်းပညာတက္ကသိုလ် (တောင်ငူ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Dec 01,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့ နံနက်ပိုင်းက တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
လှည်းကူးမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
Dec 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ် မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို နိုဝင်ဘာလ(၆)ရက်နေ့မှ စတင်၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၉ နာရီက သင်တန်းဆင်းပွဲကို အဆိုပါဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
ဇမ္ဗူသီရိမြို့နယ် အ.ထ.က ၉ ၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 01,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်း၊ လူတော်များ ဖြစ်လာစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် ဆောင်းသီးနှံနေကြာစိုက်တောင်သူများအတွက် ဓာတ်မြေသြဇာ (၃၁၇၅)အိတ် ဖြန့်ဖြူးပေး
Dec 01,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီရေးအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်မြေသြဇာများကို ဆောင်းသီးနှံနေကြာစိုက်ပျိုးသည့် ကျေးရွာ(၃၈)ရွာရှိ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးခြင်းကို ယနေ့နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူများအား နေကြာစိုက်ဧက (၃၁၇၀)ဧကအတွက် ဓာတ်မြေသြဇာ (၃၁၇၅)အိတ် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Dec 01,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်နှင့်သဘာဝဘေး အန္တရာယ်များကျရောက်ပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 01,2023
မကွေးတိုင်းဒေသကြီး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးရှိ ပါမောက္ခဦးလှအောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး
Dec 01,2023
ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ နေပြည်တော်ကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းအားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများ အားကစားဝါသနာရှင်များ၊ မသန်စွမ်းအားကစားသမားများ တက်ရောက်ကြသည်။